ကုန်သွယ်ရေး • 1 min read
သတင်း

၇ လအတွင်း FDI တန်ဖိုး အမေရိကန်ဒေါ်လာ ၄၈၂ သန်းကျော်ရှိ

One News

Nov 20, 2026

၇ လအတွင်း FDI တန်ဖိုး အမေရိကန်ဒေါ်လာ ၄၈၂ သန်းကျော်ရှိ
0 Shares
9 Views

 

၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် ဧပြီလကနေ အောက်တိုဘာလအထိ (၇)လအတွင်း ပြည်တွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၈၂ သန်းကျော်ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

၇ လတာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇ ခု ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်တာ အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၈၂ ဒသမ ၂၇၂ သန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုဘဏ္ဍာနှစ်ဝက်အတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅ ခု၊ ရေနံနဲ့ သဘာဝဓာတ် ငွေ့ကဏ္ဍမှာ ၁ ခုနဲ့ အိမ်ခြံမြေကဏ္ဍမှာ ၁ ခု ဝင်ရောက်ထားပါတယ်။

၂၀၂၆ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာ နိုင်ငံရဲ့ စီးပွားရေးကဏ္ဍ ၁၂ ခုထဲကနေ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ အများဆုံး ဝင်ရောက်ထားတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကနေ သိရပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ကုန်သွယ်ရေး
သတင်း

ဖရဲသီးများ တရုတ်ဈေးကွက်သို့ စတင် တင်ပို့

One News

Nov 19, 2026 15

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွေကနေတစ်ဆင့် တရုတ်နိုင်ငံဈေးကွက်ကို ဖရဲသီးတွေ စတင် တင်ပို့နေပြီ ဖြစ်တယ်လို့ နယ်စပ်ကုန်သည်အသိုင်းအဝိုင်းက သိရပါတယ်။လက်ရှိမှာတော့ ကျိုင်းတုံ-မိုင်းလား လမ်းကြောင်းကနေ ဖရဲသီးတွေ စတင်တင်ပို့နိုင်ဖို့ ပြင်ဆင်နေကြပြီလို့ ဆိုပါ တယ်။ မိုးဖရဲသီးတွေက ရှမ်းပြည် နယ်(မြောက်ပိုင်း)ကို စတင်ဝင်ရောက်နေပြီး ရာသီဥတု အခြေအနေကြောင့် အခွံအစက်အပျောက်ပါတဲ့ ရေနာ ဖရဲသီးတွေ များနေတယ်လို့ သိရပါတယ်။